အလောင်းမင်းတရားကြီးအကြောင်း ငယ်ငယ်က သမိုင်းသင်္ခန်းစာမှာ သင်ဖူးတယ်
အခုလို အသေးစိတ်ကအစ ပြည့်ပြည့်စုံစုံမဖတ်ခဲ့ဖူးတော့သာမာန်ပဲ သိခဲ့ရတာပါ
ဒီစာအုပ်လေးဖတ်မိတော့မှ အစအဆုံး အတ္ထုပ္ပတ္တိ အကုန်အစုံ သိရတော့တယ် ။
မြန်မာနိုင်ငံမှာ ပုဂံ ၊ ပင်းယ ၊ အင်းဝ ၊တောင်ငူ ၊ညောင်ရန်း ၊ ကုန်းဘောင် ၊ ဆိုပီး
ခေတ်တွေရှိခဲ့တယ် ။ခတ်ဟောင်းစုစုပေါင်း ၆ခေတ်ရှိပီး ၊ အခုလွတ်လပ်ရေးခေတ်
ရောဆိုရင် မြန်မာနိုင်ငံမှာ ခေတ်ကြီး ၇ ခေတ် ရှိပြီး ခေတ်တစ်ခေတ်ကို ဦးဆောင်
တည်ထောင်သူဟာ အဲ့ဒီခေတ်ရဲ့ သူရဲကောင်းပေါ့ ။ ကုန်းဘောင်ခေတ်ဆိုပြီးတော့
စတင်တည်ထောင်လိုက်သူဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျပဲပေါ့။
မြန်မာနိုင်ငံ ခေတ်တစ်ခေတ်ရဲ့ Hero တစ်ယောက်အကြောင်းကို ဖတ်ရတာဟာ
သမိုင်းကြောင်းကိုလည်း ဗဟုသုတရမယ် ။ သာမာန်လူနဲ့ မတူ အောင်မြင်အောင်
လုပ်ဆောင်နိုင်တဲ့ စိတ်နေစိတ်ထား အတုယူစရာ နည်းဗျူဟာတွေနဲ့  မှတ်သားဖို့ 
အရမ်းကောင်းတဲ့ နေထိုင်မှုစရိုက်တွေကို ရလာနိုင်ပါတယ် ။ ယိုးဒယား နိုင်ငံကို
တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ သူရဲကောင်းဖြစ်ပီး ကုန်ဘောင်ခေတ် မြန်မာနိုင်ငံရဲ့
တည်နေရာ အကျယ်အ၀န်းဟာ အခုထက်ကျယ်ပါတယ် ။ ဒီစာအုပ်လေးထဲမှာ
ခေတ်ကြီးတစ်ခေတ်ကို ဖြစ်မြောက်ရာဇ၀င်တွင်အောင် တည်ထောင်ခဲ့သူကြီးရဲ့
အကြောင်းကို သမိုင်းအခြေခံ စကားပြေပြန်ပီး အချက်အလက်အထောက်ထား
စစ်ချီစစ်တိုက်ပုံတွေ မြိုသိမ်းတိုက်ပွဲတွေနဲ့  နတ်ရွာစံသည်အထိ စိတ်ဝင်တစား
ဖတ်ရပါလိမ့်မယ် ။သမိုင်းကို စိတ်ဝင်စားသူများ ကုန်ဘောင်မင်းဆက်စတင်သူ
ဦးအောင်ဇေယျအကြောင်း သိချင်ရင် အောက်ကလင့်မှာ Download ယူလိုက်ပါ
Download -
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်း